Our Services - ကျွန်ုပ်တို့၏ဝန်ဆောင်မှုများ
ရဲရင့်စွာပြောဆိုနိုင်စေရန် လစဉ် Online & Offline အတန်းများကို လစဉ်တန်းခွဲများကိုဖွင့်လှစ်နေပါပြီး။
Japanese Kaiwa Classes (Offline & Online)
- Offline Class: ကျောင်းတွင် တိုက်ရိုက်တက်ရောက်နိုင်သော ဂျပန်စကားပြောသင်တန်းများ။
- Online Class: အွန်လိုင်းမှတစ်ဆင့် နေရာမရွေး တက်ရောက်နိုင်သော ဂျပန်စကားပြောသင်တန်းများ။
- နေ့စဉ်သုံး ဂျပန်စကားပြောများကို လက်တွေ့လေ့ကျင့်ခန်းများဖြင့် သင်ကြားပေးခြင်း။
- ဂျပန်စကားပြောကို ကြောက်ရွံ့မှုမရှိဘဲ ရဲရင့်စွာပြောဆိုနိုင်စေရန် လေ့ကျင့်ပေးခြင်း။
အတန်းများ
N5+N4 Kaiwa Class
- JLPT N4 အဆင့်ရှိပြီး အခြေခံဂျပန်စကားပြောမှ စတင်၍ N4 အဆင့်ရှိ နေ့စဥ်သုံးစကားပြောများအထိ လေ့လာချင်သူများကို ရည်ရွယ်၍ လေ့ကျင့်သင်ကြားပေးခြင်း။
- နေ့စဉ်သုံး စကားပြောများနှင့် ရိုးရှင်းသော ဂျပန်စကားပြောပုံစံများကို သင်ကြားပေးခြင်း။
သင်တန်းကာလ: ၂ လ
N5 Kaiwa Class
- JLPT N5 အဆင့်အတွက် ရည်ရွယ်ပြီး၊ အခြေခံဂျပန်စကားပြောများကို လေ့ကျင့်ပေးခြင်း။
- နေ့စဉ်သုံး စကားဝိုင်းများနှင့် ရိုးရှင်းသော စကားပြောများကို သင်ကြားပေးခြင်း။
သင်တန်းကာလ: ၂ လ
N4 Kaiwa Class
- JLPT N4 အဆင့်အတွက် ရည်ရွယ်ပြီး၊ အလယ်အလတ်အဆင့် ဂျပန်စကားပြောများကို လေ့ကျင့်ပေးခြင်း။
- ပိုမိုအဆင်မြှင့်လာသော စကားဝိုင်းများနှင့် လူမှုဆက်ဆံရေးအတွက် လိုအပ်သော စကားပြောများကို သင်ကြားပေးခြင်း။
သင်တန်းကာလ: ၂ လ
N3 Kaiwa Class
- JLPT N3 အဆင့်အတွက် ရည်ရွယ်ပြီး၊ အဆင့်မြင့် ဂျပန်စကားပြောများကို လေ့ကျင့်ပေးခြင်း။
- လုပ်ငန်းခွင်နှင့် လူမှုဆက်ဆံရေးအတွက် လိုအပ်သော စကားပြောများကို သင်ကြားပေးခြင်း။
သင်တန်းကာလ: ၂ လ
Tokutei Class
အတန်းများ
Hotel Tokutei Class
- ဂျပန်နိုင်ငံ၏ ဟိုတယ်လုပ်ငန်းခွင်တွင် ရာထူးကြီးနေရာ၌ လက်တွေ့လုပ်ကိုင်နေပြီး လုပ်ငန်းခွင်အတွေ့အကြုံ၊ စာသင်ကြားအတွေ့အကြုံများစွာရှိသော Sensei Tay Zar Aung ကိုယ်တိုင်သင်ကြားပေးသော ဟိုတယ်နှင့် ဝန်ဆောင်မှုလုပ်ငန်းခွင်အတွက် ကျွမ်းကျင်လုပ်သားဗီဇာဟိုတယ်အတန်း။
- စာမေးပွဲအောင်ရုံတင်မက ဟိုတယ်လုပ်ငန်းခွင်တွင် အသုံးပြုနိုင်သည့် စကားပြောများကိုပါ သင်ကြားခြင်း။
- လက်တွေ့အတွေ့အကြုံများကို ဝေမျှပေးခြင်း။ ဧည့်သည်များနှင့် ထိရောက်စွာဆက်သွယ်နိုင်စေရန် လေ့ကျင့်ပေးခြင်း။
သင်တန်းကာလ: ၂ လ
Training Class
အတန်းများ
Interview Training Kaiwa Class
- ဂျပန်လုပ်ငန်းခွင်အတွက် အလုပ်အင်တာဗျူးများတွင် အောင်မြင်စေရန် ပြင်ဆင်ပေးသော သင်တန်း။
- အင်တာဗျူးမေးခွန်းများနှင့် သင့်တော်သောအဖြေများကို လေ့ကျင့်ပေးခြင်း။
- အင်တာဗျူးအတွက် လိုအပ်သော ဂျပန်စကားပြောစွမ်းရည်များ မြှင့်တင်ပေးခြင်း။
သင်တန်းကာလ: ၂ လ
Programs
Programများ
Free Talk Program
- သင်တန်းပြီးဆုံးသူများအတွက် အခမဲ့ ပါဝင်လေ့ကျင့်နိုင်သော “စဉ်ဆက်မပြတ်လေ့လာ Kinoshita Myanmar” အစီအစဉ်။
- အချိန်နှင့်နေရာမရွေး ဂျပန်စကားပြောကို လေ့ကျင့်နိုင်ခြင်း။
- ရာသက်ပန် ဂျပန်စကားပြောလေ့ကျင့်ခွင့်ရရှိစေခြင်း။
Kinoshita Myanmar နှင့်အတူ ဂျပန်စကားပြောကို ရဲရင့်စွာပြောဆိုနိုင်ပြီး ဂျပန်ဘာသာစကားဖြင့် လွတ်လပ်စွာဆက်သွယ်နိုင်မည့် အခွင့်အလမ်းကို ရယူလိုက်ပါ။