about-us

About Us

About us - ကျွန်ုပ်တို့အကြောင်း

Kinoshita Myanmar သည် ဂျပန်စကားပြောကို လွယ်ကူစွာနှင့် ရဲရင့်စွာ ပြောဆိုနိုင်စေရန် ရည်ရွယ်ပြီး ဖွင့်လှစ်ထားသော ဂျပန်စကားပြော အတတ်သင်လေ့ကျင့်ရေး သင်တန်းကျောင်းတစ်ခုဖြစ်ပါသည်။
ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ ဂျပန်စာလေ့လာသူများ ဂျပန်စကားပြောကို ကြောက်ရွံ့မှုမရှိဘဲ ရဲရင့်စွာပြောဆိုနိုင်စေရန်နှင့် ဂျပန်စကားပြောကို အလွယ်တကူတတ်မြောက်စေရန်ဖြစ်ပါသည်။

ကျွန်ုပ်တို့သင်တန်းတွင် လစဥ် ဂျပန်စကားပြောတန်းခွဲသစ်များကို ဖွင့်လှစ်လျက်ရှိပါသည်။ ထိုထို့အပြင် စကားပြောနှင့် အထိအတွေ့နည်းသူများအတွက် အထူးအစီအစဉ်များဖြင့် သင်ကြားပေးပြီး၊ သင်တန်းကာလပြီးဆုံးသွားသည့်တိုင် ရာသက်ပန် ဂျပန်စကားပြောကို အချိန်မရွေး၊ နေရာမရွေး လေ့ကျင့်နိုင်ရန် “စဉ်ဆက်မပြတ်လေ့လာ Kinoshita Myanmar” အမည်ရှိ Free Talk Program ကို စီစဉ်ပေးထားပါသည်။

about photo

ကျွန်ုပ်တို့၏ ရည်ရွယ်ချက်

  • ဂျပန်စကားပြောကို ကြောက်ရွံ့မှုမရှိဘဲ ရဲရင့်စွာပြောဆိုနိုင်စေရန်
  • ဂျပန်စကားပြောကို လွယ်ကူစွာနှင့် အချိန်တိုအတွင်း တတ်မြောက်စေရန်
  • စကားပြောလေ့ကျင့်ခွင့်နည်းသူများအတွက် ရာသက်ပန်လေ့ကျင့်နိုင်သော အခွင့်အလမ်းများဖန်တီးပေးရန်
Kaito Sensei
Kaito Sensei
Reiko Sensei
Reiko Sensei
Aung Pyae Sensei
Aung Pyae Sensei
Harutaka Sensei
Harutaka Sensei
Shine Sensei
Shine Sensei

Free Talk Program ၏ ထူးခြားချက်

  • သင်တန်းပြီးဆုံးသူများအတွက် အခမဲ့ ပါဝင်လေ့ကျင့်နိုင်ခြင်း
  • အချိန်နှင့်နေရာမရွေး လေ့ကျင့်နိုင်ခြင်း
  • ဂျပန်စကားပြောကို စဉ်ဆက်မပြတ် တိုးတက်အောင် လုပ်ဆောင်နိုင်ခြင်း

Kinoshita Myanmar နှင့်အတူ ဂျပန်စကားပြောကို ရဲရင့်စွာပြောဆိုနိုင်ပြီး ဂျပန်ဘာသာစကားဖြင့် လွတ်လပ်စွာဆက်သွယ်နိုင်မည့် အခွင့်အလမ်းကို ရယူလိုက်ပါ။