About Us
Kinoshita Myanmar သည် ဂျပန်စကားပြောကို လွယ်ကူစွာနှင့် ရဲရင့်စွာ ပြောဆိုနိုင်စေရန် ရည်ရွယ်ပြီး ဖွင့်လှစ်ထားသော ဂျပန်စကားပြောအတတ်သင်လေ့ကျင့်ရေးသင်တန်းကျောင်းတစ်ခုဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ ဂျပန်စာလေ့လာသူများ ဂျပန်စကားပြောကို ကြောက်ရွံ့မှုမရှိဘဲ ရဲရင့်စွာပြောဆိုနိုင်စေရန်နှင့် ဂျပန်စကားပြောကို အလွယ်တကူတတ်မြောက်စေရန်ဖြစ်ပါသည်။
ကျွန်ုပ်တို့သင်တန်းတွင် လစဥ် ဂျပန်စကားပြောတန်းခွဲသစ်များကို ဖွင့်လှစ်လျက်ရှိပါသည်။ ထိုထို့အပြင် စကားပြောနှင့် အထိအတွေ့နည်းသူများအတွက် အထူးအစီအစဉ်များဖြင့် သင်ကြားပေးပြီး၊ သင်တန်းကာလပြီးဆုံးသွားသည့်တိုင် ရာသက်ပန် ဂျပန်စကားပြောကို အချိန်မရွေး၊ နေရာမရွေး လေ့ကျင့်နိုင်ရန် “စဉ်ဆက်မပြတ်လေ့လာ Kinoshita Myanmar” အမည်ရှိ Free Talk Program ကို စီစဉ်ပေးထားပါသည်။
Student Feedbacks
Thae Su
私က Kinoshita Myanmarကို Facebook မှာတွေ့လို့စjoinခဲ့တာပါ။senseiတွေgpထဲကသူငယ်ချင်းတွေနဲ့စတွေ့တုန်းကကိုယ်ကဂျပန်စကားသိပ်မပြောတတ်တော့အဆင်ပြေပါ့မလားလို့စိတ်ပူတာတွေရှိခဲ့ပေမယ့်senseiတို့ဆီကကိုယ်မသိသေးတာတွေမေ့နေတဲ့文法,ごいတွေကိုသင်ကြားခဲ့ရလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။Reiko senseiအတန်းချိန်တွေမှာဆိုroleplay လုပ်ရတဲ့အချိန်တွေဆိုရင်အရမ်းပျော်ခဲ့ရပါတယ်။အစကလုပ်နိုင်ပါ့မလားလို့တွေးထားခဲ့ပေမယ့်senseiတွေသူငယ်ချင်းတွေရဲ့ဖေးမမှု့ကြောင့်အဆင်ပြေပြေနဲ့ပြောနိုင်လာလို့ကျေးဇူးလဲအရမ်းတင်ပါတယ်။အရင်က文法တွေကြည့်ရင်ဒီအတိုင်းမှတ်လိုက်တာပဲရှိပေမယ့်အခုသင်တန်းမှာကိုယ်တိုင်例文တည်ဆောက်ခိုင်းပြီးပြောခိုင်းတဲ့အတွက်လဲဘယ်လိုမျိုးအသုံးပြုရမလဲပိုမိုနားလည်လာခဲ့ပါတယ်။အခုလိုမျိုးအစစအရာရာကိုသင်ကြားပေးခဲ့လို့senseiအားလုံးနဲ့သူငယ်ချင်းတွေကိုလဲကျေးဇူးအများကြီးတင်ပါတယ်။
Thiri Shwe Sin
kaiwa classဆို Kinoshita Myanmarကအကောင်းဆုံးပဲ ဆိုပြီးစိတ်ထဲမှာစွဲကိုနေပါပြီ 私လိုအလုပ်ကပြန်ရောက်ရောက်ချင်း အတန်းတက်ရတဲ့သူအတွက်တောင် အတန်းမပျက်ချင်ဘဲ ဒီနေ့အတန်းမှာ ဘာ activities လေးတွေနဲ့ပျော်ပျောိရွှင်ရွှင် စာသင်ရမလဲဆိုပြီးအတန်းတက်ချင်နေတာပါ ကိုယ့်ဘက်ကzoomနဲ့ပတ်သက်ပြီးတစ်ခုခုဖြစ်ခဲ့ရင်တောင်စိတ်မပူရပဲ ကူညီဖို့senseiတစ်ယောက်ကလည်းအသင့်ရှိနေပြီးသား ဆိုတော့တကယ်ကိုအဆင်ပြေခဲ့ပါတယ် သင်တန်းကာလ၂လမှာ ဘာstressမှမပိစေပဲ Sensei တွေရဲ့ သင်ကြားပို့ချပေးမှုကြောင့် အရင်လိုစကားပြောရမှာမရှိန်တော့ပဲ ကိုယ်ပြောချင်တဲ့စကားကို သေချာလေးပြောနိူင်နေပါပီ သင်တန်းကာလ၂မှာအများကြီးပျော်ခဲ့ရသလို အများကြီးလည်း သင်ယူခဲ့ရပါတယ်Free talkကိုလည်းအားတဲ့အခါဝင်joinပါ့မယ် Kinoshita Myanmar ရဲ့ senseiအားလုံးကိုလည်း အမြဲသတိတရရှိနေပါတယ်
Zay Yan Tun
N5 ရော N4 ရော နှစ်တန်းပေါင်းပြောရရင် ၄လပေါ့နော် ဒီ ၄လတာ ကာလအတွင်းမှာ 先生と 同級生たち、 いろいろ ありがとうございました အတန်းထဲကသူတွေ အကုန်လာလို့ ပျော်ရတဲ့နေ့လည်းရှိသလို၊ အတန်းထဲမှာလူနည်းလို့ မပျော်ရတဲ့နေ့တွေလည်းရှိခဲ့ပေမယ့် 皆さんတို့အားလုံးနဲ့ တွေ့ခဲ့ရတာ ဘဝရဲ့ကံကောင်းခြင်းတခုလို့ မှတ်ယူထားပါ့မယ်။ တစ်နေကုန် ဘူနေရင်တောင်မှ 会話အတန်းချိန်လေးထဲရောက်လိုက်ရင်ပဲ အားပြန်ပြည့်သွားသလိုဖြစ်ခဲ့ရပါတယ်။ 皆さん、今日は どうでしたか?ကစလို့ မှားမှန်းမသိ 日本語 နဲ့ ပြောခဲ့တာတွေ မှားတာမှန်သမျှကို နားဝင်အောင်သေချာလေး ရှင်းပြပေးတဲ့ 先生တွေ free talk အချိန်မှာ မြန်မာလိုပဲစကားပြောနေတုန်း 先生လာစစ်တော့မိသွားတဲ့အချိန်တွေ role playအချိန်မှာ တိုင်ပင်နေတုန်း အချိန်ပြည့်လို့ main session ထဲပြန်ရောက်သွားတဲ့အခါမျိုးတွေ gameတွေဆော့ပြီး ရှုံးသွားတဲ့အခါ ခိုင်းတာလုပ်ရတာတွေ စသဖြင့် အမျိုးမျိုးပါပဲ အခုကနေစပြီး 日本語会話能力 ကိုတိုးတက်အောင်လုပ်ပြီး ကိုယ့်ကိုကိုယ် စိတ်ကျေနပ်တဲ့အချိန်ကျရင် ဒီ Kinoshita Myanmar ကျောင်းကြီးကို တက်ချင်ပါသေးတယ်။ ကံမကုန်ရင် ပြန်ဆုံချင်ပါသေးတယ် အခုမှ Kinoshita Myanmar မှာ တက်ဖို့ စိတ်ဝင်စားလို့ review မှာဝင်ဖတ်နေတဲ့ 学生တွေရှိရင်လည်းပဲ ကျွန်တော်အပေါ်မှာပြောခဲ့တဲ့ အချက်တွေကို ပျော်”ရွင်”နဲ့ တွေ့ကြုံခံစားပြီး လာတက်ကြဖို့ おすすめလုပ်ချင်ပါတယ်။ 皆さん、そろそろ 終わりに なりましたね。 အမြဲတမ်းသားသမီးတွေလိုဆုံးမတတ်တဲ့ えくぼနဲ့ 先生 Aung Pyae , အမြဲတမ်းပြုံးရီနေတတ်ပြီး စကားစမပြတ်အောင် ပုံဖော်ပေးတဲ့ 先生Kaito , မြန်မာလိုသိပ်မပြောပေမဲ့ ဂျပန်လိုတအားပြောတဲ့ 先生 Oreki, 学生တွေကိုဗဟုသုတတွေပြောပြပေးပြီး ရင်းနှီးလာမှ တဖြည်း” 会話ကို လေ့ကျင့်ပေးတဲ့ 先生 Reiko, ဒုတိယအပြုံးအရယ်အများဆုံးဖြစ်ပြီး မသိတာမှန်သမျှ ဖော်”ရွေ” ရှင်းပြပေးတဲ့ 先生 Shine နဲ့ သင်တန်းတလျှောက်လုံးသိကျွမ်းခဲ့ကြတဲ့ မအားလို့ အတန်းမတက်ဖြစ်တော့တဲ့ သူငယ်ချင်းတွေရော၊ အတန်းနောက်ဆုံးနေ့အထိ အတန်းတက်ပေးခဲ့ကြတဲ့ သူငယ်ချင်းတွေရော いろいろ お世話に なりました
Khat Si Thu Kyaw
ကိုယ့်ကိုယ်ကို Kaiwa အားနည်းတယ်၊ ဘယ်ကနေစရမလဲမသိသေးဘူးဆိုရင်တော့ kinoshita myanmarရဲ့ Kaiwa Class ကိုjoinသင့်ပါတယ်先生တွေအားလုံးကအမြဲactive ဖြစ်ပြီး အားနည်းတဲ့အပိုင်း တွေ Kaiwa နဲ့ပတ်သက်ပီးတွေးခေါ်ပုံတွေ ၊ ပိုင်ပိုင်နိုင်နိုင်နဲ့သင်ပေးနိုင်တာကြောင့် 100% recommend ပေးပါတယ်။ことば အသစ်တွေမှတ်သားပုံ၊ လက်တွေ့အသုံးချပုံတွေအပြင် ぶんぽう တွေလည်းပြန်နွှေးပေးတဲ့အတွက်ကြောင့် ကိုယ်တိုင်စာလုပ်ရတာပျင်းတယ် စကားပြောကို စိတ်ပေါ့ပါးစွာနဲ့ လေ့လာချင်တယ် တတ်မြောက်ချင်တယ်ဆို သေချာပေါက် join သင့်ပါတယ်။ 私ကိုယ်တိုင်လည်း Kaiwa လုံးဝပြောမထွက်တဲ့အခြေအနေကနေ အများကြီးတိုးတက်လာခဲ့ပါတယ်။ ကိုယ်တိုင်လည်း အကျိုးရှိခဲ့ဝာာကြောင့် 皆さんတို့ကိုလဲ おすすめ လုပ်ပါရစေ။
Aye Thitsar Win
Kaiwa classတက်ဖို့စိတ်ကူးရှိတယ်ဆိုရင်kinoshitaမှာ လာတက်ဖို့အကြံပြုပါတယ် watashiနှစ်လအတွင်းမှာစကားပြောတိုးတက်လာတာကအတော်သိသာပါတယ် watashiလိုမျိုးအကြားရပြီးအပြောမရတဲ့သူတွေ လာjoinဖို့အဆင်ပြေဆုံးclassပါလို့Recommendပေးပါတယ်
Myint Myint Than
ဂျပန်ရောက်နေပေမယ့် အလုပ်ထဲစကားမပြောရတာရော ဂျပန်စာကိုသေချာမသင်ခဲ့ရတာကြောင့် စကားပြောဖို့ လုံးဝ မထွက်ခဲ့ပါဘူး။ဂျပန်ရောက်တာ တနှစ်သာပြည့်ခဲ့ ပေမယ့် စကားပြောဖို့အဆင်မပြေခဲ့ပါဘူး ဆန်ဆေးအောင်ပြည့်ရဲ့ tik tok က videos file လေး ကြည့်မိရင်းက ဒီသင်တန်းလေးတက်ရင်တော့ စကားပြောတတ်လာမလားဆိုပီး တက်ခဲ့ရာက သဘောကောင်းသော စိတ်ရှည်သော ဆရာများရဲ့ သင်ကြားပးမှူ့ကြောင့် အများကြီးမပြောနိုင်သော်လည်း စကားပြောရဲလာတယ် မှားမှားမှန်မှန် ပြောထွက်လာရာကနေ တော်တော်လေး အဆင်ပြေလာခဲ့ပါပီ Kinoshita Myanmarက ဆန်းဆေးများကို တကယ့်ကိုကျေးဇူးအထူးတင်ရှိပီး နောက်ထပ် Kaiwa တန်းများဆက်တက်ဖို့ ကြိုးစားနေပါတယ်ရှင့် ハントにありがとうございますした
Thant Sin Phyu
私အရင်ကတော့ စကားပြောရမှာ အရမ်းကြောက်ခဲ့တယ် tik tok မှာဟာသတစ်ခုလေးတွေ့ဖူးတယ် သူများပြောတာနားလည်ပြီးပြန်မပြောတတ်တာ いぬနဲ့တူတယ်တဲ့ အဲ့ချိန်ကတည်းက kaiwa ပြောရဲချင်လာလို့ အတန်းတွေလိုက်ရှာရင်းအပြုံးချိုချိုလေးနဲ့ဆရာအောင်ပြည့်သင်တဲ့ video လေးတွေကမှတ်ရလွယ်နားလည်လွယ်လို့ join ကြည့်တော့ sensei အကုန်လုံးကအပြုံးချိုချိုလေးတွေနဲ့မှတ်ရလွယ်၊မေ့နေတာလေးကိုစိတ်ရှည်ရှည်လေးသင်ရင်းနဲ့ဒီနေ့က၂ လပြည့်မှန်းတောင်မသိပြည့်သွားခဲ့ပါပြီ။ လွန်ခဲ့တဲ့ ၂ လကစကားပြောရမယ်ဆိုဒူးတုန်ချွေးပြန်နေရင်းကနေ ပြောရဲဆိုရဲရပ်ကွက်လေးရောက်သွားသလိုပါပဲ Sensei အကုန်လုံးရဲ့သင်ပြမှုတွေကြောင့်နောက်ထပ်နောက်ထပ်လဲထပ် join ချင်ပြီး သူငယ်ချင်းတွေပါ join ဖို့ဖိတ်ခေါ်ဖြစ်ပါတယ်။ 私လိုစလုံးရေးစချင်တဲ့သူတွေအတွက် KINOSHITA MYANMAR ကို ရွေးချယ်ဖို့ဖိတ်ခေါ်ချင်ပါတယ်။
Caesar Myint Mo
Kaiwaနဲ့ပတ်သက်ပြီး စိုးရိမ်နေတဲ့ကိုယ့်အတွက်တော့ Kinoshita Myanmar နဲ့တွေ့ပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှု့ရှိလာခဲ့တာတော့အမှန်ပါပဲ Batchတခုကို ၂လဆိုပေမဲ့ တကယ်ကိုထိရောက်မှု့ရှိတဲ့သင်တန်းကျောင်းဆိုလည်းမမှားပါဘူး သင်ကြားပေးတဲ့Senseiအကုန်လုံးက့ သင်ကြားနည်းစနစ်တကယ်ကိုတော်ပါတယ် စိုးရိမ်စိတ်မရှိရဘဲပျော်ပျော်ရွှင်ရွှင်နဲ့ သူငယ်ချင်းတွေလို အစစအရာရာသင်ကြားပြသပေးခဲ့လို့ တကယ်ကျေးဇူးများကြီးတင်ပါတယ် Levelတွေတော့အောင်နေပြီး စကားပြောအားနည်းတဲ့သူတွေအတွက် အရမ်းကိုအဆင်ပြေပါတယ် Highly recommendပါရှင့် အမြဲအမှတ်ရနေမှာပါ
ゼイ ヤン タゥン
私 က အရင်ကဆို စကားပြောရင် မှားမှာကြောက်ပြီး မပြောရဲဖြစ်နေပေမယ့် kinoshitaမှာ တက်ပြီးတဲ့အခါ Senseiတွေကလည်း သဘောကောင်းသလို မပြောရဲဖြစ်နေတာကိုလည်း ပြုံး”ရွှင်”နဲ့ ဆွဲခေါ်ပြီး မှားတာလေးတွကိုလည်း ချို”သာ”နဲ့ နားဝင်အောင်ပြောပြပေးတယ်။ အဲ့တာကိုအဓိက သဘောကျပါတယ် ကျွန်တော်က လေသံမာမာနဲ့ပြောရင် မကြိုက်တာမို့လို့လေ။ 先生နဲ့ 学生 စကားပြောနေသလို မခံစားရပဲ သူငယ်ချင်းတွေနဲ့ စကားပြောနေသလို ပေါ့”ပါး”နဲ့ အရမ်းအဆင်ပြေပါတယ်။ sat sun မှာလည်း အတန်းပေါင်းစုံက သူငယ်ချင်းတွေနဲ့ free talkမှာ စကားပြောလို့ရတာမို့လို့ မဖြစ်မနေ joinစေချင်ပါတယ်။ အားလုံးကလည်း ခင်”မင်” ရင်း”နှီးနဲ့ အရမ်း ပျော်ဖို့ကောင်းသလို အတန်းပေါင်းစုံကဆိုတော့ ကိုယ်မသိတဲ့ kotobaတွေ grammar တွေ စကားပြောဟန်တွေ အတုယူလို့ရတယ်ပေါ့နော်။ အသိမိတ်ဆွေတွေ တိုးပွါးခြင်းကလည်း လူတိုင်းအတွက် လိုအပ်တဲ့ အရာဖြစ်တာမို့လို့ အားလုံးနဲ့ ခင်မင်ရင်းနှီးခဲ့ရတာ တကယ်ပျော်မိပါတယ။ မိခင်ဘာသာစကားမဟုတ်ပေမဲ့လို့ ကိုယ်ပြောနေကျ ဘာသာစကားလိုမျိုး ရင်း”နှီး”နဲ့ အားလုံးနဲ့ ဆက်သွယ်လို့ရတဲ့အတွက် ဂျပန်မရောက်ခင် စကားပြောရတာအသားကျသလိုဖြစ်လာတယ်ပေါ့။ ကိုယ့်စိတ်ထဲမှာ ပြောချင်တာကို ဂျပန်ဘာသာနဲ့ ပြောရတာက အရမ်းစိတ်ဝင်စားဖို့ကောင်းလို့ kaiwaသင်တန်းတက်ဖို့ ရှာနေတဲ့ သူငယ်ချင်းတွေရှိရင် Kinoshita Myanmar မှာ တက်ဖို့ おすすめ ပါ